Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб အမေရိကန်က မြန်မာပြည်တွင်းစစ်အပေါ် ဘယ်လို သဘောထားလဲ - BBC News မြန်မာ в хорошем качестве

အမေရိကန်က မြန်မာပြည်တွင်းစစ်အပေါ် ဘယ်လို သဘောထားလဲ - BBC News မြန်မာ 5 дней назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



အမေရိကန်က မြန်မာပြည်တွင်းစစ်အပေါ် ဘယ်လို သဘောထားလဲ - BBC News မြန်မာ

အမေရိကန်ရဲ့ အဆင့်မြင့် အရာရှိတစ်ယောက်ဟာ မြန်မာစစ်တပ်က ရေတပ်ဗိုလ်ချုပ်နဲ့ ဗီယက်နမ်မှာ ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်တုန်းက တွေ့ခဲ့တယ် ဆိုတဲ့ သတင်းဟာ မြန်မာ့အရေး အကဲခတ်တွေကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ မူဝါဒတွေကို ကိုင်တွယ်တဲ့ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဒင်နီရယ် ခရစ်တင်ဘရင့်ခ် Daniel Kritenbrink ဟာ မြန်မာရေတပ်ဗိုလ်ချုပ် ကျော်လင်းဇော်နဲ့ ဟနွိုင်းမြို့တော်မှာ တွေ့ဆုံတာဟာ မြန်မာ့ အကျပ်အတည်းကို ပုံစံအသစ်နဲ့ ဝါရှင်တန် ချည်းကပ်လာတယ် ဆိုတဲ့ ဆန်းစစ်ချက်တွေ ထွက်လာပါတယ်။ လက်ရှိ မြန်မာပြည်ထဲက မြေပြင် အခြေအနေကို ကြည့်ရင်လည်း ၁၀၂၇ ရဲ့ ဒုတိယလှိုင်း ထိုးစစ်တွေဟာ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းထဲ ချိန်ကိုက် ဖော်ဆောင်နေပြီး ပြင်းထန်နေပါတယ်။ ရှမ်းမြောက်မြို့တော်လို့ ရည်ညွှန်းပြောကြတဲ့ လားရှိုးအထိ ခြိမ်းခြောက် နေပြီ ဖြစ်သလို၊ အထက်မြန်မာပြည်မြို့တော် မန္တလေး အနီးထိပါ စစ်ပွဲ ရောက်လာပါတယ်။ အခု ရက်ပိုင်းတွေမှာပဲ အရပ်သား သေဆုံးမှုတွေလည်း ဒါဇင်တချို့ထိ ရှိလာပါတယ်။ အခုလို စစ်ရေး အခြေအနေကို အမေရိကန်က ဘယ်လို ဆန်းစစ် ရှုမြင်တဲ့ အတွက် ကွဲပြားတဲ့ သံတမန်ရေး လမ်းကြောင်းအသစ် ဖော်လာရတာလဲ ... မြန်မာနိုင်ငံထဲ တရုတ်နဲ့ အမေရိကန် တို့ရဲ့ အားပြိုင်မှု တွေ့နေရတာမျိုးလား .... မြန်မာ့ အရေးနဲ့ ပတ်သက်ရင် တရုတ်လွှမ်းမိုးမှုကို တန်ပြန်မှ ရမယ် ဆိုတဲ့ အမြင်မျိုး အမေရိကန်မှာ ရှိနေလား ... စသဖြင့် စိတ်ဝင်စားဖွယ် အချက်တွေကို ဒီတစ်ပတ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားဖို့ ရှိနေပါတယ်။ ဒီတစ်ပတ် ပါဝင်ဆွေးနွေးကြသူတွေကတော့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ဆိုင်ရာ မြန်မာအင်စတီကျု MIPS ရဲ့ အမှုဆောင် ဒါရိုက်တာလည်းဖြစ်၊ ဝါရှင်တန်ဒီစီမြို့တော် အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာန CSIS ရဲ့ အရှေ့တောင်အာရှ ပရိုဂရမ်မှာ သုတေသီ တစ်ဦးလည်း ဖြစ်တဲ့ ဒေါက်တာမင်းဇော်ဦးနဲ့၊ အင်ဒို-ပစိဖိတ် ဒေသတလွှား နိုင်ငံရေးနဲ့ နိုင်ငံခြားရေးတို့ အပေါ် အာရုံစိုက် သုံးသပ်နေတဲ့ The Diplomat သတင်းမဂ္ဂဇင်းရဲ့ အရှေ့တောင်အာရှ ဆိုင်ရာ အယ်ဒီတာ ဆဘက်စ်ရှဲန် စထရန်ဂျီယိုတို့ ဖြစ်ပါတယ်။ ဘီဘီစီသတင်းထောက် ကိုဝေဖြိုး စီစဥ်တင်ဆက်ထားတာကို ဇူလိုင် ၆ ရက်၊ စနေည မြန်မာစံတော်ချိန် ည ၈ နာရီ အချိန်မှာ ဘီဘီစီမြန်မာပိုင်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာနဲ့၊ ည ၈ နာရီခွဲ အချိန် ဘီဘီစီမြန်မာပိုင်း ယူကျုချန်နယ်တို့ကနေ တင်ဆက်ပေးမှာမို့ စောင့်မျှော် ကြည့်ရှုနိုင်ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း

Comments