Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб DVB - Multi Level Marketing စနစ်က စားသုံးသူကိုဘယ်လောက် ထိခိုက်နစ်နာစေသလဲ? в хорошем качестве

DVB - Multi Level Marketing စနစ်က စားသုံးသူကိုဘယ်လောက် ထိခိုက်နစ်နာစေသလဲ? 6 лет назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



DVB - Multi Level Marketing စနစ်က စားသုံးသူကိုဘယ်လောက် ထိခိုက်နစ်နာစေသလဲ?

"ကိုယ်ကထိပ်ဆုံးမှာနေပြီးတော့အောက်ကလူတွေကိုနင်းတက်တယ် ဆိုတာလက်မခံပါဘူး။ပြီးရင် ကိုယ့်အဖွဲ့ထဲက လူတစ်ဝက် ပဲအောင်မြင်အောင်လုပ်ပေး။ အဲ့ဒါကို လည်းလက်မခံပါဘူး။ ခုနက ပြောသလို ချပြရဲလားဆိုတော့ ချပြရဲပါတယ်။အဲ့တော့ ဒီပွဲပြီးရင် ဘယ်နေရာမှာပြရမလဲရှင့်" ပရိသတ်- ကျော့ကျော့လှိုင်(Sucessmore) “ဥပဒေထုတ်မယ်။ဥပဒေကိုလိုက်နာမှာလားဆိုတော့ ကျနော်ကတော့ လုံးဝမယုံဘူး။ဘာ လို့လဲဆို တော့ သူတို့ကုမ္ပဏီကထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကိုတောင် အစအဆုံးမဖတ်ထားတဲ့ အသင်းဝင်တွေ အများကြီးပဲ။ကျနော်မျက်နှာချင်းဆိုင်ပြီးမေးလို့ရတယ်။အဲ့တော့ အဲ့လိုလူတွေက ဥပဒေ ကိုဂရုစိုက်မှာ လားဆိုတော့ ရာခိုင်နှုန်းနည်းမယ် ။နောက်တချက်က ဥပဒေကို ဘာကြောင့် ပြတ်ပြတ် သားသား ထွက်စေချင်လဲဆိုတော့ ဒီလိုဥပဒေထုတ်ပြီးတော့စည်းကြပ်ထားရတယ် ဆိုတာကိုအများပြည် သူတွေကသတိထားမိဖို့လိုတယ်။ဒီနေရာမှာ ကျနော်တို့မျှော်လင့်တာက တစ်ခုဘဲ။ဒါက ဆေးလိပ် မကောင်းဘူးဆိုတာ လူတိုင်းသိတယ်။ဒါပေမယ့် ဆေးလိပ်ကုမ္ပဏီတွေကို ဘယ်အစိုးရကမျှ တရားဝင် ပိတ်လို့မရဘူး။အဲ့ဒီ့အတွက် ဆေးလိပ်ဗူးတိုင်းမှာဆေး လိပ်သောက်ခြင်း က ကျန်းမာရေးကိုဆိုးဝါးစွာ ထိခိုက်စေပါတယ်ဆိုတဲ့ label လေးတစ်ခုနဲ့တတ်နိုင်သလောက် ထိန်းနေကြတယ်။ပြီးရင်နီးစပ်ရာ ကို သတိပေးနေရတယ်။အဲ့တော့ Multi-level marketing ဟာပြည်သူ အများစု ဝင်လုပ်သူအများစု ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ အရင်းတောင် မကြေတဲ့စီးပွားရေးလုပ်ငန်းပါဆိုတာကို အစိုးရက တွင်တွင် ကျယ်ကျယ်သတိပေးနိုင်ဖို့လိုတယ်။ သူတို့ကုမ္ပဏီတွေကလည်း financial statement တွေ ထုတ်ပြန်ပေးဖို့လိုတယ်” ကိုဇင်ဇေလွင် (MLM လုပ်ငန်း များကိုဆန့်ကျင် အသိပညာပေးသူ) “အကျိုးအမြတ်လုပ်တဲ့အခါမှာ promotion လို့အခုကျတော့ နာမည် လှလှလေးသုံးတယ် ပေါ့။ရောင်းပန်း လှအောင်လုပ်တယ်ပေါ့။သို့သော် အဲ့ဒါတွေအတွက် တာဝန်ယူမှု တာဝန်ခံမှု ဘယ်လိုရှိသလဲဆိုတဲ့ ပေတံနဲ့ စိစစ်ပါလို့။ အခုကျနော်တို့ဆွေးနွေးနေတာက ဟိုတယ်မုန့်ဟင်းခါးစား လူတန်းစားမဟုတ်ဘူး။ လမ်းဘေးအထမ်းသမားဆီကမုန့်ဟင်းခါးစားတဲ့ လူတန်းစားဖြစ်နေတယ်။ လူဦးရေကိုကြည့်လိုက် အရှေ့တောင်အာရှမှာ ကင်ဆာရောဂါနဲ့ ဒုတိယအမြှင့်ဆုံးဗျ။ဘာတွေကြောင့် ဖြစ်တာလဲ။ အဲ့ဒီ့ယုတ်ညံ့ တဲ့အစားအသောက်တွေနဲ့ဆေးဝါးတွေကြောင့်ဖြစ် တာလေ။အဲ့ဒါတွေကို အကာအကွယ်ပေးမယ့် နည်းလမ်းရှာဖွေဖို့ ဆွေးနွေးနေတာမဟုတ်ဘူးလား” ဦးကျော်ငြိမ်း (တရားလွှတ်တော်ရှေ့နေ) ((ကုမ္ပဏီတွေမှာရောင်းတယ်ဆိုတာက ဆေးဝါးဆိုရင် အဲ့လိုရောင်း ခွင့်မရှိပါဘူး။တရားဥပဒေနဲ့လည်း လုံးဝမညီပါဘူး။အဲတော့ ဆေးဝါးမဟုတ်တဲ့အတွက်ကြောင့် MLM ကုမ္ပဏီအသင်းဝင်တွေ ကဖြန့်ချီခွင့်ရှိနေတာပါ။သူတို့ကဖြည့်စွက်အဟာရအဆင့်ပဲရှိပါတယ်။ ၉၆ ပါးရောဂါ ပျောက်တယ်ဆိုတဲ့ဟာတွေက over talking နဲ့ဆိုင်ပါတယ်။ ဒါပေမယ့် ဒီဟာတွေကို မလုပ်သင့်ပါဘူး)) ပရိသတ်-ဒေါက်တာကျော်စွာလင်း DVB TV - 28.09.2017

Comments