Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб Khit Thit သတင်းဌာန၏ ဇွန် ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် в хорошем качестве

Khit Thit သတင်းဌာန၏ ဇွန် ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် 7 дней назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



Khit Thit သတင်းဌာန၏ ဇွန် ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ ဇွန် ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇွန် ၁၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -အကြမ်းဖက် စစ်တပ်ရဲ့ မတရားဖမ်းဆီးမှုကို ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကမ်ပိန်းတွေမှာ တတ်နိုင်တဲ့ ဘက်က ပါဝင် ကူညီပေးနေမှုဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလိုချင်ဆုံးသော မွေးနေ့ လက်ဆောင် ဖြစ်လိမ့်မည်လို့ သားဖြစ်သူ ကင်အဲရစ်လို့ခေါ်တဲ့ ကိုထိန်လင်းက ပြောလိုက်ပါတယ်။ -လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့မွေးနေ့အထိမ်း အမှတ်အဖြစ် နိုင်ငံတစ်ဝှမ်းက ပြည်သူတွေဟာ အကြမ်းဖက် စစ်တပ်ရဲ့ တင်းကြပ်မှုတွေကြားကပဲ ပန်းသပိတ်မှာ ပါဝင်ဆင်နွဲနေကြပြီး ၊ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့မှာဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့ကနေ "SUU" ဆိုတဲ့ စာသားကိုင်ဆောင်ပြီး မွေးနေ့ဆုတောင်းပေးခဲ့တယ်လို့လည်း သိရပါတယ်။ -ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ညီနောက်မဟာမိတပ်တွေအကြား စစ်ရေးတင်းမာလာပြီး ရခိုင်မှာလည်း အာရက္ခတပ်တော် AA ရဲ့ မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်လာတဲ့အချိန်မှာပဲ စစ်ကောင်စီရဲ့ ဖိတ်ကြားချက်အရ တရုတ်ကိုယ်စားလှယ် ဟာ နေပြည်တော်ကို ရောက်ရှိလာပြီး စစ်ကောင်စီနဲ့ တွေ့ဆုံနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Comments