Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб စစ်တပ် လက်ကိုင်တုတ်ဘဝကနေ ပြည်သူဘက်ကူးပြောင်းခဲ့တာလို့ ကလလတ ပြော в хорошем качестве

စစ်တပ် လက်ကိုင်တုတ်ဘဝကနေ ပြည်သူဘက်ကူးပြောင်းခဲ့တာလို့ ကလလတ ပြော 10 дней назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



စစ်တပ် လက်ကိုင်တုတ်ဘဝကနေ ပြည်သူဘက်ကူးပြောင်းခဲ့တာလို့ ကလလတ ပြော

စစ်တပ် လက်ကိုင်တုတ်ဘဝကနေ ပြည်သူဘက်ကူးပြောင်းခဲ့တာလို့ ကလလတ ပြော (ရုပ်/သံ) ဧရာဝတီ၊ ဇွန် ၂၆၊ ၂၀၂၄ စစ်တပ်ရဲ့ လက်ကိုင်တုတ် နယ်ခြားစောင့်တပ် (BGF) ဘဝကနေ အဖိနှိပ်ခံပြည်သူဘက် ကူးပြောင်းပြီး သမိုင်းသစ် ရေးထိုးမယ်လို့ ကလလတ လို့ လူသိများတဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) က ကြေညာလိုက်ပါတယ်။ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ဗျူဟာ (၂) က ဒီကနေ့ ပြုလုပ်တဲ့ ကလလတ ၄၆ နှစ်မြောက်အဖွဲ့အစည်းမွေးနေ့ အခမ်းအနား သဝဏ်လွှာမှာ ထည့်သွင်း ကြေညာသွားတာဖြစ်ပါတယ်။ ဒီကနေ့ပွဲကို ကလလတ ဥက္ကဋ္ဌ ရဲဘော် ထွန်းကျော်ကလည်း သဝဏ်လွှာပေးပို့ခဲ့ပြီး အဲဒီ သဝဏ်လွှာကို ကလလတ တပ်ရင်း ၉၄၂၄ ရဲ့ တပ်ရင်းမှူး ရဲဘော် မူကီ က ဖတ်ကြားသွားသလို အဖွဲ့ရဲ့ သဘောထားကြေညာချက်ကိုတော့ တပ်ရင်း ၉၄၂၅ တပ်ရင်းမှူး ရဲဘော် ရစ်ချက်က ဖတ်ကြားသွားတာဖြစ်ပါတယ်။ ကရင်နီပြည်မှာရှိတဲ့ နယ်ခြားစောင့်တပ် (BGF) ၁၀၀၄ တပ်ရင်းနဲ့ ၁၀၀၅ တပ်ရင်းတို့ဟာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီး ၂ နှစ်အကြာမှာ စစ်ကောင်စီ ဩဇာခံ BGF ဘဝကို စွန့်လွှတ်ပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့မှာ မယ်စဲ့မြို့နယ်က စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး နွေဦးတော်လှန်ရေးမှာ ပူးပေါင်းလိုက်တာ ဖြစ်ပါတယ်။ BGF ၁၀၀၄ တပ်ရင်းဟာ မယ်စဲ့မြို့နယ် အရှေ့ဘက် ပန်တိမ်းရွာမှာ အခြေစိုက်ပြီး ၁၀၀၅ တပ်ရင်းဟာ ရွာသစ်မြို့နယ်၊ စွတ်ပိုင်ရွာမှာ အခြေစိုက်ခဲ့တာဖြစ်ပါတယ်။ ဒီတပ်ရင်းတွေဟာ ကလလတ အဖြစ်ကနေ ၂၀၀၉ ခုနှစ်မှာ BGF အဖြစ် အသွင်းပြောင်းသွားခဲ့ကြတာဖြစ်ပါတယ်။ ကလလတ ဟာလည်း ၁၉၇၈ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကနေ ခွဲထွက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ KNPP ရဲ့ စစ်တပ်ဖြစ်တဲ့ ကရင်နီတပ်မတော် (KA) အပါအဝင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့နဲ့ ပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတာ ဖြစ်ပါတယ်။ စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR

Comments