Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб တရားခံဟာ စစ်တပ်မဟုတ်ရင် သီတဂူဆရာတော် ဘာမိန့်မလဲ (ရုပ်/သံ) в хорошем качестве

တရားခံဟာ စစ်တပ်မဟုတ်ရင် သီတဂူဆရာတော် ဘာမိန့်မလဲ (ရုပ်/သံ) 6 дней назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса savevideohd.ru



တရားခံဟာ စစ်တပ်မဟုတ်ရင် သီတဂူဆရာတော် ဘာမိန့်မလဲ (ရုပ်/သံ)

တရားခံဟာ စစ်တပ်မဟုတ်ရင် သီတဂူဆရာတော် ဘာမိန့်မလဲ (ရုပ်/သံ) မိုးသောက်၊ ဇွန် ၂၃ ၊ ၂၀၂၄ စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့ရတဲ့အပေါ် သည်းခံ ခွင့်လွှတ်မေ့ဖျောက်ကြဖို့ ရွှေကျင်သာသနာပိုင် သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ဆရာတော် ဘဒ္ဒန္တ ဉာဏိဿရက ဇွန်လ ၂၂ရက်နေ့မှာ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ကို ကြွရောက်ပြီး မိန့်တော်မူခဲ့ပါတယ်။ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ပစ်ခတ်ခံရမှုဟာ စစ်ကောင်စီတပ်က စွပ်စွပ်သလို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုသာ ဖြစ်မယ်ဆိုရင် သီတဂူဆရာတော် အနေနဲ့ဒီလိုမိန့်မလားလို့ နိုင်ငံရေး အကျဉ်းသား ဟောင်းတဦးဖြစ်တဲ့ ဆရာတော်ဦးဇဝနက မေးခွန်းထုတ် လိုက်ပါတယ်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) အဖွဲ့ဝင်ဆရာတော်လည်းဖြစ် ရွှေကျင်နိယာယ ဗဟိုအလုပ်မှုဆောင် ဆရာတော်လည်းဖြစ်တဲ့ ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသဟာ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်း၊ မြို့သာ နဲ့ ငါန်းဇွန် လမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်မှုကြောင့် ပျံလွန်တော် မူခဲ့ရပါတယ်။ ဆရာတော်ရဲ့ ရုပ်ကလပ်တော်ကို ပဲခူးမြို့ ကလျာဏီရပ်ကွက်ရှိ ဝင်းနိမ္မိတာရုံကျောင်းတိုက်မှာ အပူဇော်ခံထားရှိပြီး ဇွန်လ ၂၇ ရက်နေ့မှာ အန္တိမအဂ္ဂိဈာပန ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ------------------------------------ စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR

Comments